ဆေးတက္ကသိုလ် မန္တလေး နောက်ဆက်တွဲ သင်တန်းတက်ရောက်ရန် Moodle အကောင့်ပြုလုပ်ခြင်း
ဆေးတက္ကသိုလ်-မန္တလေး နောက်ဆက်တွဲ သင်တန်းမှ ကျောင်းသားကျောင်းသူများ၏ ပညာရေးနှင့်ပတ်သက်၍ ၃၁/ ၀၁/ ၂၀၂၂ ရက်စွဲပါစာဖြင့် ယာယီတက္ကသိုလ်ကောင်စီမှ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး ထိုအတိုင်းဆက်လက်ဆောင်ရွက်သွားပါမည်။ သို့ဖြစ်ရာ ဆေးတက္ကသိုလ်-မန္တလေး အတန်းစုံမှ နောက်ဆက်တွဲကုစား သင်တန်းများအား မကြာမီဖွင့်လှစ်တော့မည်ဖြစ်ပြီး ထိုကုစားသင်တန်းများအား ဝင်ရောက်လေ့လာနိုင်ရန်၊ သီအိုရီစာမေးပွဲများအားဖြေဆိုနိုင်ရန်အတွက် နောက်ဆက်တွဲကျောင်းသားကျောင်းသူများအနေနှင့် UMM Online Campus Moodle Account ရှိရန်လိုအပ်ပါသည်။ အကောင့်မပြုလုပ်ရသေးသော နောက်ဆက်တွဲ ကျောင်းသားများရော၊ အကောင့်ပြုလုပ်ပြီးသော နောက်ဆက်တွဲ ကျောင်းသားများပါ အောက်ပါ link တွင် ဖြည့်ပေးပါရန် အသိပေးအပ်ပါသည်။ https://ee.kobotoolbox.org/single/8b72fc42d886382e76de2073d9ae8e7d
ဆေးတက္ကသိုလ် မန္တလေး နောက်ဆက်တွဲ သင်တန်းတက်ရောက်ရန် Moodle အကောင့်ပြုလုပ်ခြင်း Read More »