Announcements

ဆေးတက္ကသိုလ် မန္တလေး နောက်ဆက်တွဲ သင်တန်းတက်ရောက်ရန် Moodle အကောင့်ပြုလုပ်ခြင်း

ဆေးတက္ကသိုလ်-မန္တ​လေး နောက်ဆက်တွဲ သင်တန်းမှ ​ကျောင်းသား​ကျောင်းသူများ၏ ပညာ​ရေးနှင့်ပတ်သက်၍ ၃၁/ ၀၁/ ၂၀၂၂ ရက်စွဲပါစာဖြင့် ယာယီတက္ကသိုလ်​ကောင်စီမှ ​ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး ထိုအတိုင်းဆက်လက်​ဆောင်ရွက်သွားပါမည်။ သို့ဖြစ်ရာ ​ဆေးတက္ကသိုလ်-မန္တ​​လေး အတန်းစုံမှ ​နောက်ဆက်တွဲကုစား သင်တန်းများအား မကြာမီဖွင့်လှစ်​တော့မည်​ဖြစ်ပြီး ထိုကုစားသင်တန်းများအား ဝင်​ရောက်​လေ့လာနိုင်ရန်၊ သီအိုရီစာ​မေးပွဲများအား​ဖြေဆိုနိုင်ရန်အတွက် ​နောက်ဆက်တွဲ​ကျောင်းသား​ကျောင်းသူများအ​နေနှင့် UMM Online Campus Moodle Account ရှိရန်လိုအပ်ပါသည်။ အ​ကောင့်မပြုလုပ်​ရ​သေးသော ​​နောက်ဆက်တွဲ ကျောင်းသားများ​ရော၊ အ​ကောင့်ပြုလုပ်ပြီး​​သော ​​နောက်ဆက်တွဲ ​ကျောင်းသားများပါ ​အောက်ပါ link တွင် ဖြည့်​ပေးပါရန် အသိ​ပေးအပ်ပါသည်။ https://ee.kobotoolbox.org/single/8b72fc42d886382e76de2073d9ae8e7d

ဆေးတက္ကသိုလ် မန္တလေး နောက်ဆက်တွဲ သင်တန်းတက်ရောက်ရန် Moodle အကောင့်ပြုလုပ်ခြင်း Read More »

ဆေးတက္ကသိုလ်-မန္တ​လေး အတန်းစုံမှ ​နောက်ဆက်တွဲ ​ကျောင်းသား​ကျောင်းသူများ၏ ပညာ​ရေးနှင့်ပတ်သက်၌ ယာယီတက္ကသိုလ်​ကောင်စီမှ ထုတ်ပြန်​ကြေညာချက်။

ယာယီတက္ကသိုလ်ကောင်စီသည် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသော ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားခွင့်ဆုံးရှုံးနစ်နာခြင်းများ မရှိစေရန်အတွက် ကြား ကာလပညာရေးအစီအစဉ်များကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ ဆေး တက္ကသိုလ်-မန္တလေး အတန်းစုံမှ နောက်ဆက်တွဲ‌ကျောင်းသားကျောင်းသူများနှင့် ဆက်စပ်၍ အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်အပ်ပါသည်။ ၁။ နောက်ဆက်တွဲကျောင်းသားကျောင်းသူများ၏ ပညာရေးနှင့် စပ်လျဉ်း၍ များမကြာမီအချိန်အတွင်း             တွင် နောက်ဆက်တွဲကုစားသင်တန်းများကို ယာယီတက္ကသိုလ်ကောင်စီမှ ဖွင့်လှစ်သွားမည်။ အတန်း ပေါ်မူတည်၍ သင်တန်းများ၏ ကြာချိန်မှာ တစ်လ (သို့) နှစ်လခန့်ဖြစ်သည်။ ထို့ကြောင့် ပါဝင်သင်ယူ             လိုသော ကျောင်းသားကျောင်းသူများအနေနှင့် UMM Online Campus Account ဖွင့်လှစ်ထား       ပါရန် အသိပေးအပ်ပါသည်။ ၂။         ထို ကုစားသင်တန်းများအပြီးတွင် ဖြေဆိုရန်ကျန်ရှိနေသော၊ နောက်ဆက်တွဲ သီအိုရီစာမေးပွဲများအား အဆင့်အတန်းပြည့်မီစွာ လုံခြုံစိတ်ချရမှုအပြည့်ဖြင့် အွန်လိုင်းမှတစ်ဆင့်

ဆေးတက္ကသိုလ်-မန္တ​လေး အတန်းစုံမှ ​နောက်ဆက်တွဲ ​ကျောင်းသား​ကျောင်းသူများ၏ ပညာ​ရေးနှင့်ပတ်သက်၌ ယာယီတက္ကသိုလ်​ကောင်စီမှ ထုတ်ပြန်​ကြေညာချက်။ Read More »