ဆေးတက္ကသိုလ်-မန္တ​လေး အတန်းစုံမှ ​နောက်ဆက်တွဲ ​ကျောင်းသား​ကျောင်းသူများ၏ ပညာ​ရေးနှင့်ပတ်သက်၌ ယာယီတက္ကသိုလ်​ကောင်စီမှ ထုတ်ပြန်​ကြေညာချက်။

ယာယီတက္ကသိုလ်ကောင်စီသည် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသော ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားခွင့်ဆုံးရှုံးနစ်နာခြင်းများ မရှိစေရန်အတွက် ကြား ကာလပညာရေးအစီအစဉ်များကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ ဆေး တက္ကသိုလ်-မန္တလေး အတန်းစုံမှ နောက်ဆက်တွဲ‌ကျောင်းသားကျောင်းသူများနှင့် ဆက်စပ်၍ အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်အပ်ပါသည်။

၁။ နောက်ဆက်တွဲကျောင်းသားကျောင်းသူများ၏ ပညာရေးနှင့် စပ်လျဉ်း၍ များမကြာမီအချိန်အတွင်း             တွင် နောက်ဆက်တွဲကုစားသင်တန်းများကို ယာယီတက္ကသိုလ်ကောင်စီမှ ဖွင့်လှစ်သွားမည်။ အတန်း ပေါ်မူတည်၍ သင်တန်းများ၏ ကြာချိန်မှာ တစ်လ (သို့) နှစ်လခန့်ဖြစ်သည်။ ထို့ကြောင့် ပါဝင်သင်ယူ             လိုသော ကျောင်းသားကျောင်းသူများအနေနှင့် UMM Online Campus Account ဖွင့်လှစ်ထား       ပါရန် အသိပေးအပ်ပါသည်။

၂။         ထို ကုစားသင်တန်းများအပြီးတွင် ဖြေဆိုရန်ကျန်ရှိနေသော၊ နောက်ဆက်တွဲ သီအိုရီစာမေးပွဲများအား အဆင့်အတန်းပြည့်မီစွာ လုံခြုံစိတ်ချရမှုအပြည့်ဖြင့် အွန်လိုင်းမှတစ်ဆင့် စစ်ဆေးပေးသွားမည်။   ထိုသီအိုရီစာမေးပွဲများ အောင်မြင်ပြီးပါက ယာယီတက္ကသိုလ်ကောင်စီ၏ ကြားကာလပညာရေး        အစီအစဉ်များတွင် မိမိတို့ထပ်မံတက်ရောက်ရမည့် အတန်းသစ်သင်ရိုးအား အခြားသောပုံမှန် ကျောင်းသားကျောင်းသူများနှင့်အတူ တက်ရောက်နိုင်မည်ဖြစ်သည်။

၃။ ထိုသီအိုရီစာမေးပွဲများကို ဤပထမအသုတ်အပြီးတွင်လည်း ယာယီတက္ကသိုလ်ကောင်စီမှ နှစ်လတစ်          ခါခန့် ထပ်မံစစ်ဆေးပေးသွားမည်ဖြစ်သည်။ ဤနည်းဖြင့် ပထမအသုတ်တွင် အကြောင်းအမျိုးမျိုး             ကြောင့် စာမေးပွဲအား မဖြေဆိုလိုက်ရသော ကျောင်းသားကျောင်းသူများအနေနှင့် စာမေးပွဲအား ထပ်မံလက်လှမ်းမီနိုင်မည့် အခွင့်အရေးမျိုး ပေးအပ်ထားခြင်းဖြစ်သည်။

၄။ လက်တွေ့စာမေးပွဲများလိုအပ်သော ဘာသာရပ်များအား နောက်ဆက်တွဲကျောင်းသားကျောင်းသူများ             သည် ပြန်လည်ထူထောင်ရေးကာလအတွင်း တက္ကသိုလ်ကောလိပ်များ မဖွင့်လှစ်သေးခင်အချိန်တွင် ဖြေဆိုသွားရမည်ဖြစ်ပါသည်။

၅။      ဤကြားကာလတွင် အကြောင်းအမျိုးမျိုးကြောင့် နောက်ဆက်တွဲသီအိုရီစာမေးပွဲများ မဖြေဆို             လိုက်ရသော ကျောင်းသားကျောင်းသူများသည် ပြန်လည်ထူထောင်ရေးကာလအတွင်း တက္ကသိုလ်၊            ကောလိပ်များ မဖွင့်လှစ်သေးခင်အချိန်တွင် လက်တွေ့စာမေးပွဲများနှင့်တကွ သီအိုရီစာမေးပွဲများ             ကိုပါ တစ်ပါတည်းဖြေဆိုရမည်ဖြစ်ပါသည်။ ထိုစာမေးပွဲများအတွက် ပြင်ဆင်သော နောက်ဆက်တွဲ ကုစားသင်တန်းများအားလည်း ကြားကာလနည်းတူ ထပ်မံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၆။ ပြန်လည်ထူထောင်ရေးကာလရောက်သော်လည်း တော်လှန်ရေးအဖွဲ့များမှ သတ်မှတ်ထားသော တာဝန်ချိန်မပြည့်မီသေး၍ ပြန်မလာနိုင်သေးသော နောက်ဆက်တွဲ ကျောင်းသားကျောင်းသူများ သည်         အမိတက္ကသိုလ်သို့ ပြန်ရောက်လာချိန်တွင် နောက်ဆက်တွဲ             သီအိုရီနှင့် လက်တွေ့စာမေးပွဲများကို            ဖြေဆိုနိုင်သည်။ ထိုအတွက်လည်း ထိုကျောင်းသားကျောင်းသူများကို အနီးကပ်သင်ကြားပြသပေး             သော နောက်ဆက်တွဲကုစားသင်တန်းများကို ယာယီတက္ကသိုလ်ကောင်စီမှ ဆောင်ရွက်ပေးသွား           မည်ဖြစ်ပါသည်။

မှတ်ချက်           ။            ။ ဤထုတ်ပြန်ကြေညာချက်သည် မကြာမီအချိန်အတွင်းထုတ်ပြန်သွားမည့်                                              ဆေးတက္ကသိုလ်-မန္တလေး ယာယီတက္ကသိုလ်ကောင်စီ၏ တော်လှန်ရေးကာ                                                 လနှင့် အသွင်ကူးပြောင်းရေးကာလအတွင်း ကျင့်သုံးမည့် ပညာရေးမူဝါဒ                                       များမှ ကောက်နုတ်ချက်ဖြစ်သည်။

ယာယီတက္ကသိုလ်ကောင်စီ

ဆေးတက္ကသိုလ်-မန္တလေး