About UMM

ဆေးတက္ကသိုလ် (မန္တလေး)

History

The University of Medicine, Mandalay began as a Branch Medical Faculty (BMF) of the University of Rangoon in 1954, which in 1958 became the Faculty of Medicine, Mandalay. In 1964, it became an independent Institute of Medicine, Mandalay, offering an undergraduate M.B., B.S. program to an inaugural class of 36 students. Graduate programs began in 1968 with a master’s degree program in physiology. The formal name, Institute of Medicine, Mandalay, was changed in 2005 to the University of Medicine, Mandalay. Today the university now offers a number of graduate diploma, master’s, and doctoral programs.

၁၉၅၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)သည် ရန်ကုန်တက္ကသိုလ်၏ ဆေးပညာဌာနခွဲ (Branch Medical Faculty) တစ်ခုအဖြစ် စတင်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဆေးပညာဌာန (Faculty of Medicine) အဖြစ် ပြောင်းလဲလိုက်သည်။ ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)(Institute of Medicine, Mandalay) အဖြစ် သီးခြားတည်ထောင်ခဲ့ပြီး ကျောင်းသားကျောင်းသူ (၃၆)ယောက်ကို ဆေးပညာဘွဲ့ (MBBS)အတွက် စတင်သင်ကြားပေးသည်။ ဘွဲ့လွန်သင်တန်းများကို ၁၉၆၈ခုနှစ်တွင် ဇီဝကမ္မဗေဒဘွဲ့လွန်သင်တန်းဖြင့် စတင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် University of Medicine, Mandalay သို့ အမည်ပြောင်းလဲခဲ့သည်။ ယနေ့အချိန်တွင် ဆေးတက္ကသိုလ် မန္တလေးမှ ဘွဲ့ဒီပလိုမာ၊ မာစတာ၊ ဒေါက်တာ ဘွဲ့သင်တန်းများစွာ သင်ကြားပေးနေပြီဖြစ်သည်။

မတရားမှုအောက် ဒူးထောက်တဲ့ အောက်တန်းစား ပညာတတ်မျိုးတော့ ဘယ်တော့မှ အဖြစ်မခံဘူး။

Prof Dr Khin Maung Lwin — Patron
University of Medicine, Mandalay
0 +
Students
0
Members of University Council
0 +
Clubs & Activities
0 +
Undergraduate & Graduate Programs

History of University Council

ဆေးတက္ကသိုလ် – မန္တလေး ကျောင်းသားများသမဂ္ဂသည် အကြမ်းဖက်စစ်ကောင်စီက တိုင်းပြည်အာဏာကို အတင်းအဓမ္မ စတင်လုယူသွားသော ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကပင် ဖက်ဆစ်စစ်တပ်၏လုပ်ရပ်အား ပြင်းထန်စွာရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့ကာ စစ်အာဏာရှင်တိုက်ဖျက်ရေး လုပ်ငန်းများကို ယနေ့အချိန်ထိ တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့ပါသည်။

ထို့အတူ ဆေးတက္ကသိုလ် – မန္တလေးကျောင်းသားထုမှာလည်း အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်နေသောလအတွင်း မည်သည့်နည်းဖြင့်ခြိမ်းခြောက်ပါစေ လုံးဝဥဿုံ ကျောင်းဆက်တက်မည်မဟုတ်ကြောင်း အတန်းလိုက် စာထုတ်ပြန်ကာ သပိတ်မှောက်ဆန္ဒပြခဲ့ကြောင်းလည်း အများသူငှာ သိရှိပြီးသားဖြစ်သည်။ ထိုမျှသာမက ဆေးတက္ကသိုလ် – မန္တလေးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာဆရာမများနှင့် ဝန်ထမ်းပေါင်းစုံတို့သည်လည်း စစ်အာဏာရှင်လက်ထက်တွင် အာဏာဖီဆန်သည့်အနေဖြင့် ရုံးပြန်မတက်ပဲ CDM ပြုလုပ်နေခဲ့ကြသည်မှာလည်း ယနေ့ထက်တိုင်ပင်ဖြစ်သည်။ ထို့ကြောင့် ဆေးတက္ကသိုလ် – မန္တလေး၏ ကျောင်းသားထု၊ ဆရာထုနှင့် ဝန်ထမ်းထုတို့သည် ဤတရားမဝင်သော ဖက်ဆစ်စစ်ကောင်စီ၏ အမိန့်ဟူသမျှကို ဆန့်ကျင်သပိတ်မှောက်ခဲ့ရာ အနာဂတ်တွင်လည်း ထိုသို့ပင်ဇွဲလျှော့ခြင်းမပြုပဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သန္ဓိဋ္ဌာန်ချထားသည်မှာ ထင်ရှားပြီးဖြစ်သည်။ ဤသို့ဖြင့် အနာဂတ်တွင် အမိကျောင်းတော် ဆေးတက္ကသိုလ် – မန္တလေးအား အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီလက်ပါးစေတို့ထိန်းချုပ်မည့် အုပ်ချုပ်ရေးယန္တရားရန်အား ကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဆေးတက္ကသိုလ် – မန္တလေး ကြားကာလ ယာယီတက္ကသိုလ်ကောင်စီအား ကျောင်းသားထု၊ ဆရာထု၊ ဝန်ထမ်းထုတို့၏ ဘုံသဘောတူညီချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၅ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင်များ

ဆေးတက္ကသိုလ် – မန္တလေး ပါမောက္ခ ဒေါက်တာခင်မောင်လွင်အား နာယကအဖြစ် အမှုးထား၍ ကြားကာလ ယာယီတက္ကသိုလ်ကောင်စီအား အဖွဲ့ဝင် (၁၆) ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်။
 
၁။ ဆရာ/ဆရာမ ကိုယ်စားလှယ်                         (၅) ဦး
၂။ ကျောင်းသား ကိုယ်စားလှယ်                          (၄) ဦး
၃။ ကျောင်းသားဟောင်း ကိုယ်စားလှယ်               (၃) ဦး
၄။ ဝန်ထမ်းကိုယ်စားလှယ်                                  (၂) ဦး
၅။ ပြင်ပ ပညာရှင်                                             (၂) ဦး

Vision & Mission of University Council

အခြေခံရည်ရွယ်ချက်များ
၁။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် တိုင်းရင်းသားများအားလုံး တန်းတူညီမျှမှုရှိသည့်၊ လွတ်လပ်စွာ စဥ်းစားတွေးခေါ်နိုင်မှုကို အားပေးသည့်၊ သုတေသနကိုအခြေပြုသည့် ဖက်ဒရယ်ပညာရေးစနစ်တစ်ခု ပေါ်ပေါက်လာစေရန်။

၂။ ဖက်ဒရယ်ပညာရေးစနစ်နှင့်အညီ တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ( University Autonomy) ကို ရရှိပြီး အပြည့်အဝ ကျင့်သုံးဆောင်ရွက်နိုင်စေရန်။
 
၃။ ဤ စစ်အာဏာရှင်တိုက်ဖျက်ရေး တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ လက်ပါးစေသဖွယ် အမိန့်နာခံဆောင်ရွက်ကြမည့် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့အစည်းများအစား ဆေးတက္ကသိုလ် – မန္တလေး၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားနိုင်ရန်။
လုပ်ဆောင်သွားမည့် လုပ်ငန်းစဥ်များ
၁။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးအား ဆေးတက္ကသိုလ် – မန္တလေး ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ၏ လုပ်ငန်းစဥ်များနှင့် အခြေအနေများအား အစဥ်တစိုက် တင်ပြကာ ညှိနှိုင်းဆောင်ရွက်သွားမည်။
 
၂။ ယာယီတက္ကသိုလ်ကောင်စီအနေဖြင့် ဆေးတက္ကသိုလ် – မန္တလေး၏ ကျောင်းသားထု၊ ဆရာထု၊ ဝန်ထမ်းထုတို့နှင့် အဆက်အသွယ်မပြတ် ချိတ်ဆက်ကာ လုပ်ငန်းစဥ်များအား အချိန်နှင့်တစ်ပြေးညီ အသိပေးသွားမည်။
 
၃။ အကြမ်းဖက်စစ်ကောင်စီအား အာဏာဖီဆန်၍ ရုံးမတက်ကြသော ဆေးတက္ကသိုလ် – မန္တလေး၏ CDM သူရဲကောင်း ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်သွားမည်။
 
၄။ အကြမ်းဖက်စစ်ကောင်စီလက်ချက်ဖြင့် ဖမ်းဆီးခံထားရသော ဆေးတက္ကသိုလ် – မန္တလေး၏ ကျောင်းသားကျောင်းသူများအရေးအတွက် အတတ်စွမ်းဆုံးအနေအထားဖြင့် ကူညီဆောင်ရွက်သွားမည်။
 
၅။ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းသော ဆေးတက္ကသိုလ် – မန္တလေးမှ လက်ပါးစေ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ဖော်ထုတ်မှတ်တမ်းတင်ထားပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ရောက်သော အချိန်အခါတွင် အပြစ်ပေးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည်။
 
၆။ ကြာရှည်စွာ ရပ်ဆိုင်းထားရသော ဆေးတက္ကသိုလ် – မန္တလေးမှ ကျောင်းသားကျောင်းသူများ၏ ဆေးပညာပြန်လည်သင်ကြားနိုင်ရေးအတွက် ပညာရေး အစီအစဥ်များ ချမှတ်ရေးဆွဲသွားမည်။
 
၇။ ဆေးတက္ကသိုလ် – မန္တလေး၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်ရန်အတွက် ကော်မတီငယ်များကို အလျဥ်းသင့်သလို ဖွဲ့စည်းသွားမည်။