"ဥပဌာနံ အနုကမ္ပာ ဒယာ"

ဆေးတက္ကသိုလ် (မန္တလေး)သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၅ ခုအနက် မန္တလေးမြို့တွင်ရှိသော ဆေးတက္ကသိုလ်ဖြစ်သည်။ ဆေးပညာဘွဲ့ (MBBS)နှင့် ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (MMedSc)၊ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ (PhD) နှင့် ဆေးလက်တွေ့ပါရဂူဘွဲ့ (DrMedSc) များ သင်ကြားပေးသည်။ 

ဆေးတက္ကသိုလ် (မန္တလေး) သည် ၁၉၅၄ ခုနှစ်တွင် BRANCH MEDICAL  FACULTY – MANDALAY, UNIVERSITY OF RANGOON အဖြစ်မွေးဖွားလာခဲ့သည်။ ၁၉၅၅ ခုနှစ်ရောက်မှ တက္ကသိုလ် ယခုတည်ရှိရာ လမ်း (၃၀)သို့ ပြောင်းရွေ့လာခြင်း ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် UNIVERSITY OF MANDALAY ၏ FACULTY OF MEDICINE အဖြစ် အသက်ဝင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် INSTITUTE  OF MEDICINE (MANDALAY) အဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် UNIVERSITY OF MEDICINE (MANDALAY) အဖြစ်လည်းကောင်း၊ အဆင့်တိုးမြှင့်ခဲ့ပါသည်။

ဆေးတက္ကသိုလ် မန္တလေးသည် ASEAN Medical Schools Network ၏ Founding Member တစ်ကျောင်းဖြစ်ပြီး ၂၀၁၇ ၌ ၆ ကြိမ်မြောက် ASEAN Deans’ Summit ကိုလည်း အမိတက္ကသိုလ်တွင် လက်ခံ ကျင်းပခဲ့သည်။

University of Medicine, Mandalay
0 +
Current Enrollments
0
Members of University Council
0 +
Clubs & Activities
0 +
Undergraduate & Graduate Programs

မတရားမှုအောက် ဒူးထောက်တဲ့ အောက်တန်းစား ပညာတတ်မျိုးတော့ ဘယ်တော့မှ အဖြစ်မခံဘူး။

Prof Dr Khin Maung Lwin — Patron

Activities by Council & SU

ဆေးတက္ကသိုလ်မန္တလေး ကြားကာလယာယီတက္ကသိုလ်ကောင်စီနှင့် ကျောင်းသားများ သမဂ္ဂအနေဖြင့် တော်လှန်ရေးကာလအတွင်း လှုပ်ရှားမှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိပါသည်။

IMG_9648

သပိတ်တိုက်ပွဲများ

ကျောင်းသားများသမဂ္ဂမှဦးဆောင်၍ ဆေးတက္ကသိုလ်မန္တလေးကျောင်းသား/သူများ၏ သပိတ်မှောက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

CDM ထောက်ပံ့မှုများ

ကျောင်းသားများသမဂ္ဂ၏ စီစဉ်မှုဖြင့် CDM ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား လစဉ်ထောက်ပံ့ခဲ့သည်။

ကြားကာလ ပညာရေး

ကြားကာလ ပညာရေးအနေဖြင့် Undergraduate Supplementary နှင့် Extracurricular Course များအား စတင် သင်ကြားပေးနေပြီဖြစ်သည်။

Introducing Interim Education Program